ご挨拶

この度、一般社団法人中部日本ミャンマー文化経済友好協会の理事長に就任致しました藤原光一です。

私とミャンマーの関わりは、私の友人であり当協会理事でもある、高瀬氏のミャンマー法人を訪問したことが始まりです。

私はそこでミャンマーという国に将来性、大きなエネルギーを感じる一方で、国民の素直さ純朴さに触れ、両国間の絆をより強く深めるために何かお役に立つことができないかと考え、当協会を発足することを決意しました。

両国間の活発な文化、経済交流を増進することにより、友好と親善関係の確立に寄与することを目的とし邁進してまいります。

                     藤原光一

ဥက္ကဌထံမှ နှုတ်ခွန်းဆက်သလွှာ 

မင်္ဂလာပါ ။ ကျွန်တော်ကတော့ Central Japan Myanmar Culture and Economic Friendship Association ၏ ဥက္ကဌတာဝန်ကို ထမ်းဆောင်လျက်ရှိသော Fujihara Koichi ဖြစ်ပါတယ် ။ ပထမဦးစွာ ကျွန်တော် နှင့် မြန်မာနိုင်ငံ၏ ပတ်သက်ဆက်နွယ်ခဲ့ရပုံကတော့ ကျွန်တော်၏ မိတ်ဆွေလည်းဖြစ်၊ ယခုအဖွဲ့အစည်း၏ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ

Mr. Takase ၏ မြန်မာပြည်တွင်းရှိ ကုမ္ပဏီထံသို့ သွားရောက်လေ့လာခဲ့ရမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ် ။ 

မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာရှိမှု ၊ လူငယ်တို့၏ တက်ကြွသော ခွန်အားတို့ကို ခံစားရသည်နှင့်အတူ ၊ မြန်မာလူမျိုးတို့၏ သဘောထားဖြူစင်မှု ၊ တည်ကြည်ရိုးသားမှုတို့နှင့်ထိတွေ့ခွင့်ရရှိခဲ့ပါတယ် ။  မြန်မာ-ဂျပန် နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုမိုခိုင်ခံ့မြဲမြံလာစေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ပံ့ပိုးပေးချင်ရာမှ ယခုအဖွဲ့အစည်းအား ဖွဲ့စည်းတည်ထောင်လိုက်ခြင်းဖြစ်ပါတယ် ။ 

တဖန် မြန်မာ-ဂျပန် နှစ်နိုင်ငံကြား တက်ကြွရှင်သန်လျက်ရှိသော ယဉ်ကျေးမှုနှင့်စီးပွားရေး နှီးနှောဖလှယ်မှုများ တိုးပွါးလာရေးနှင့်အတူ ၊ ပိုမိုခင်မင်ရင်းနှီးသော ပတ်သက်ဆက်နွယ်မှုကို ထူထောင်သွားရေးကို ဦးတည်လျှက် ဆက်လက်လျှောက်လှမ်းမည်ဖြစ်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်လိုပါတယ် ။

Koichi Fujiwara