‘Hikari’ ပညာသင်ဆု

 ပညာသင်ဆု အကြောင်းအရာ

⭐️ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် ဂျပန်ဘာသာစကား ပညာသင်ဆုဖြစ်သည် ။

⭐️ သင်္ကန်းကျွန်းမြို့နယ်ရှိ Hikari Japanese Language School တွင် အထူးသင်တန်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည် ။

⭐️ လစဉ် ပညာသင်ဆုကြေးငွေ ၅၀,၀၀၀ ကျပ် ချီးမြှင့်ပါမည် ။

      ※တစ်နှစ်လျှင် (၄) လပိုင်းနှင့် (၁၀) လပိုင်းမှအပ၊  ကျန် ၁၀ လ

⭐️ ပညာသင်ဆု ပေးအပ်မည့် အဖွဲ့အစည်း အမည် –

Central Japan Myanmar Culture and Economic Friendship Association

⭐️ပညာသင်ဆု ပေးအပ်မည့် ကျောင်းသားကျောင်းသူ ဦးရေ – ၆ ဦး

(အထူးပြုဘာသာရပ် တစ်ခုမှ ကျောင်းသားကျောင်းသူဦးရေ  ၂ ဦး )

⭐️သင်တန်းပြီးဆုံးချိန် ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲဝင်ရောက် ဖြေဆိုလိုလျှင်စာမေးပွဲကြေး ထောက်ပံ့ပါမည် ။

⭐️ ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာထုတ်ယူ၍ သက်ဆိုင်ရာဌာနတွင် လျှောက်လွှာတင်ပါရန် ။

ပထမအဆင့်ရွေးချယ်ခြင်းကို တက္ကသိုလ်မှာပြုလုပ်ပါမည် ။

ဒုတိယအဆင့်ရွေးချယ်ခြင်းကို Skype video call ဖြင့်ဖြေဆိုရပါမည် ။

လျှောက်လွှာလက်ခံကာလ ၂၀.၁.၂၀၂၀ မှ ၁၀.၂.၂၀၂၀ ရက်အထိ

ပညာသင်ဆု လျှောက်ထားခွင့်ရှိသူများ

၁။ အထူးပြုဘာသာရပ် Architecture, IT, Mechanical Engineering ကျောင်းသားကျောင်းသူဖြစ်ရမည် ။

၂။ စတုတ္တနှစ် မှ နောက်ဆုံးနှစ် အတွင်း ကျောင်းသားကျောင်းသူဖြစ်ရမည် ။ 

၃။ ဂျပန်ဘာသာစကားအား ကြိုးစားသင်ယူလိုစိတ်ရှိသူဖြစ်ရမည် ။ 

၄။ ဂျပန်နိုင်ငံ ၊ လူမျိုး နှင့် ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှု ရှိသူဖြစ်ရမည် ။

၅။ အနာဂတ် မြန်မာ – ဂျပန် နှစ်နိုင်ငံ၏ ပေါင်းကူးတံတားအဖြစ် တစ်ထောင့်တစ်နေရာမှ

ပါဝင် ဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည် ။ 

၆။ သင်္ကန်းကျွန်းမြို့နယ်ရှိ Hikari Japanese Language School တွင် ဖွင့်လှစ်သင်ကြားပေးမည့် အထူးသင်တန်းအား တက်ရောက်နိုင်သူဖြစ်ရမည် ။

၇။ အဖွဲ့အစည်းမှ ကျင်းပပြုလုပ်သော ပွဲများတွင် အခါအားသင့်လျှော်စွာ ပါဝင်ဆင်နွှဲနိုင်သူ ဖြစ်
ရပါမည် ။ 


ပညာသင်ဆုလျှောက်ထားရာတွင် ပါ၀င်ရမည့်အချက်များ

 ‘Hikari’ ပညာသင်ဆု လျှောက်ထားရာတွင် အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပါရှိရပါမည် –

 (က) သတ်မှတ်လျှောက်လွှာပုံစံ

(ခ) သက်ဆိုင်ရာအထူးပြုဘာသာရပ်ဌာနမှုး၏ ထောက်ခံစာ

(ဂ) ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ အောင်လက်မှတ် မိတ္တူ (အောင်လက်မှတ်ရှိထားပြီးသူများသာ)

(ဃ) ကာလာလိုင်စင်ဓါတ်ပုံ (၄)ပုံ (3cm×4cm)

(င) နိုင်ငံသားစီစစ်ရေးလက်မှတ်မိတ္တူ

(စ) ကျောင်းသားကဒ် မိတ္တူ

(ဆ) ကိုယ်ရေးမှတ်တမ်းအချက်အလက်တစ်စောင်

စည်းကမ်းချက်များ

၁။ ပညာသင်ဆု သက်တမ်းမှာ ၁ နှစ်ဖြစ်သည်။ 

၂။ နှစ်စဉ် ပညာသင်ဆုကာလ သက်တမ်းတိုးခြင်းကို ဆောင်ရွက်မည်ဖြစ်သည် ။

၃။ ၄င်းသက်တမ်း ၁ နှစ်အတွက်ရှိ ပညာသင်ဆုရကျောင်းသား၏ လုပ်ဆောင်မှုအပေါ်မူတည်၍ အမှတ်ပေးစနစ်ဖြင့် ပညာသင်ဆုကာလ သက်တမ်းတိုးခြင်း၊ မတိုးခြင်းကို ဆုံးဖြတ်မည်ဖြစ်သည် ။ 

  ဥပမာ။  ။ 

  (၁)ဂျပန်သံရုံးမှကျင်းပလျက်ရှိသောဂျပန်စာအရည်အချင်းစစ်စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းရှိ/မရှိ              

   (၂)စာသင်ချိန် အတန်းတွင်း စိတ်ပါဝင်စား ၊တက်ကြွပါဝင်မှု ရှိ/ မရှိ

  (၃)ကျောင်းမှန်မှန်တက်ရောက်ခြင်း ရှိ/မရှိ       

၄။ ဂျပန်စာသင်တန်းတက်ရောက်ရာခိုင်းနှုန်း ၈၅% ထက်မနည်းရ။ 

၅။ စည်းကမ်းကို အတိအကျလိုက်နာသူ ဖြစ်ရပါမည် ။

၆။ နှစ်စဉ် အတန်းတက်စာမေးပွဲကို မပျက်မကွက် အောင်မြင်ရပါမည် ။

၇။ ပညာသင်ကြားနေစဉ်အတွင်း အတန်းတက်စာမေးပွဲ ကျရှုံးပါက ပညာသင်ဆုထောက်ပံ့ခြင်းကိုရပ်ဆဲခြင်း ခံရပါမည် ။

၈။ ပညာသင်ကြားနေစဉ်အတွင်း ကျောင်းစည်းကမ်းအရလည်းကောင်း၊ ပြစ်မှု တစ်စုံတစ်ရာကျူးလွန်သည့်အတွက်ကြောင့်လည်းကောင်း၊ ကျောင်းမှ ထုတ်ပယ်ခြင်းခံရပါက ပညာသင်ဆုထောက်ပံ့ခြင်းကို ရပ်ဆဲခြင်း ခံရပါမည် ။

၉။ ကိုယ်ရေးမှတ်တမ်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြရပါမည် ။

Operation Flow  (draft)

Application period January 20 to February 10, 2020
Selection within University February 11 to February 17, 2020
Final selection (including skype interview) February 18 to February 28, 2020
Notice toward Recipients Awarding Ceremony March 3, 2020
June, 2020